1/13/08
သော်တာပျောက်တဲ့ည
ဒီတစ်ညတော့အဖေါ်မပါဘဲတစ်ကိုယ်တည်း ညစာစား ပြီးလမ်းလျောက်လာတယ်၊ မိုးပေါ်ကိုမော့ ကြည့်တော့ ကြယ်တွေမတွေ့ဘူး၊ ဆောင်းညမှာကြယ်ပျောက်တာ သိပ်မရှိလှပါဘူး၊ ဒီည တော့ ကြယ်တွေပျောက်နေလေရဲ့ ၊ ထူးဆန်းနေပါလား၊ ခါတိုင်းညတွေမော့ မကြည့်မိတာ လား၊ သတိမထား ခဲ့ဘူး၊ ရင်ထဲမှာဟာတာတာနဲ့ တစ် ကိုယ်တည်းညဉ်းနေမိတယ်၊၊ခပ်မှိန်မှိန်မာကျူရီမီးတိုင်တွေရဲ့အောက်မှာပေါ့၊ကျွန်တော်အလုပ်လုပ်တဲ့ နေရာမှာ က ဒီလိုဘဲ ညဘက်ဆို ပေတစ်ရာပေါ်မှာ ဘာမှမရှိဘူး၊ တစ်ခါတလေတွေ ကျွန်တော်တို့ခေါ်တဲ့ ခွေးအ လား ၊ အဲဒီကောင်တွေ ဖြတ်ပြေးနေကြလေရဲ့ တစ်ခါတစ်ခါတော့ ခွေးအမဟုတ်တဲ့ခွေးတွေ စုဖွဲ့ပြီး ဆော့ကစား နေတာတွေ့ရတယ်၊တစ်ခါတစ်ခါ အမျိုးအမည်မသိတဲ့တောတိရိစ္ဆာန်တွေ ဖြတ်ပြေးသွားတယ်၊ တစ်ခါတစ်ခါလေ ချွန်သံလိုလို၊ တစ်ခါတစ်ခါ တောခြောက်သံလိုလိုနဲ့ တစ်ခါတစ်ခါတော့ကြက်သီး တွေထပြီးလန့်သွားတာမျိုး လည်းရှိတယ်၊ တစ်ခါတစ်ခါ လွမ်းတေးလေးတွေညည်းပြီး ပြန်လာတတ်တယ်၊တစ်ခါတစ်ခါ ချစ်သူလေးကို လွမ်းပြီး ဖေါ်မပြနိုင်လောက်အောင်ခံစားမိပြန်တယ်၊ ဒီလိုညမျိုးမှာ ချစ်သူလေးနဲ့ နှစ်ကိုယ်တူလက်ချင်းတွဲပြီး လမ်း လျောက် နေရရင်ဆိုတဲ့အတွေးမျိုးလည်းတွေးမိပြန်ရဲ့၊ တစ်ခါတစ်ခါ တော့လေ ငါ့ဘ၀အထီး ကျန်လှချည် လားလို့ တွေးမိပြန်တယ်၊ ကြယ်ရောင်ပျောက်တဲ့ညမှာ အတွေးပေါင်းစုံတွေးရင် ကြယ်ရောင်ကင်း လရောင် ပျောက်တဲ့ ငါ့အတွေးတွေက ကြာကြာမခံလိုက်ပါ နောက်မှာ အလုပ်တွေတန်းစီးပြီးစောင့်ဆိုင်း နေပါလား ဆိုတဲ့ အသိစိတ်နဲ့အခန်းကျဉ်းလေးထဲကိုခပ်သုတ်သုတ်လျောက်လာနေမိပြန်တယ်။.......... ကြယ်ရောင်ပျောက်ပြီးအဖေါ်ကင်းတဲ့ညများလွန်မြောက်ပါစေ
1/12/08
Off မဟုတ်သော Off ရက်များ
ဒီပိတ်ရက်တွေကား ၀ရုန်းသုန်းကားနဲ့ ဘာမှန်းမသိကုန်းဆုံးသွားတယ်၊ ကိုယ်ပိုင်အလုပ်တွေ ဘာမှ မလုပ်နိုင် လိုက်ဘူး၊ အလုပ်ပြီးမြောက်မှုနည်းပြီး အချိန်ပေးလိုက်ရတာများတယ်၊ အလုပ်များတာမဟုတ်ဘူး၊ အလုပ်ကရှုပ် နေတာ၊ ဟိုဖိုင်ရှာ ဒီဖိုင်ဖွင့်၊ ဟိုဟာမူကြမ်းထုတ် ၊ ဒီဖိုင်အချောနဲ့ အော် ဒီရပ်ကွက်က ဒီအတိုင်းဘဲတဲ့ ကျွန်တော် ရောက်တာက တစ်နှစ်ကျော်ရှိပါပြီး ၊ ဒီအရင်က လည်း ဒီအတိုင်းဘဲတဲ့၊ off day ရောက်မှာတောင် ကြောက်နေသလိုဘဲ၊ ဖွင့်ရက်မှ ဟိုလိုလိုဒီလိုလို ဖရီးရိုက်လို့ ရပေမယ့် ပိတ်ရက်ကျတော့ မချောင်ဘူးဗျာ၊ ပိတ်ရက်ကျတော့ လူနည်းတယ်လေ၊ ရှိတဲ့လူခံပေါ့၊ မရှိတဲ့လူ လွတ်တာဘဲ ၊ ဂျူတီသမားဘဲရှိတာ ကိုး ကျွန်တော့အတွက်တော့ ဘယ်မှာလာ ပိတ်ရက်ရှိပါ့လဲ၊
1/11/08
ဂလို

ဒီရပ်ကွက်မှာနေလာတော့ဒင်းအကြောင်းတွေပြောစရာတွေရှိနေတာတော့အမှန်ပါဘဲဗျာ၊ဒီရပ်ကွက်မှာ လူတန်း စားအရမ်းကို ခွဲခြားဆက်ဆံကြတယ်၊ဘာကြောင့်လဲတော့မပြောတတ်ဘူး။တစ်ခြားရပ်ကွက်မှာမှ ကျွန်တော်က မနေဖူးတော့မသိဘူးပေါ့နော၊တယ်ကယ်စိတ်ကုန်ဖို့အရမ်းကောင်းတယ်၊တကယ်တော့ကျွန်တော် ညံ့ တာဖြစ် မှာ ပါ၊လူတွေအားလုံးနဲ့အဆင်ပြေအောင်မနေတတ်တာလေအားနည်းချက်ပေါ့၊ အဆင်ပြေ အောင် နေထိုင် နည်း တွေကို မကျင့်သုံးနိုင်တော့အရမ်းဂွကျတယ်၊ ရပ်ကွက်လူကြီးက တံစိုးလက်ဆောင်ဆို အရမ်းမုန်း တယ် သိလား၊ ဟဲဟဲ၊လာဘ်ပေး လာဘ်ယူလုပ်တာမဟုတ်ဘူး၊ မပြည့်စုံ သေးလို့ ၀ိုင်းပြီး ဖို့ပေးရတာလေ၊ သူ့မှာက စားစရာကဆင်းရဲ၊ နေစရာကလည်း အိမ်တစ်လုံးပြီး တစ်လုံး ဆောက် နေရတော့ အမြဲလိုနေ တယ်လေ၊ ဟိုမြို့မှာတစ်လုံး၊ဒီမြို့မှာ တိုက်တစ်လုံး ပြည်အနှံမြို့တိုင်းမှာ အိမ်တစ်လုံးစီတော့ (အနည်းဆုံး) ရှိထားပြီးသား လေ၊ ဟီးဟီး သိတော်မူကြတယ် မဟုတ်လား၊ ရပ်ကွက်သူကြီး အိမ်ဆောက်ဖို့ဆို ဘယ်သူက ဘိလပ်မြေ၊ ဘယ်သူကသံချောင်း၊ ဘယ်သူက ဘာ ၊ဘယ်သူက ညာ နဲ့ အလှူရှင်တွေ အရမ်းကိုပေါတယ်၊ ဒါကလည်း ဘုန်းကံဘဲလေ..............
1/9/08
စကားလုံးအတွေး
`အကြံအဖန်`ကောင်တဲ့.........................................
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ကြံရည်ဖန်ရည်( လုပ်ရည်ကိုင်ရည်)ကောင်းတဲ့လူတွေ တော်တော်ကိုများတယ်၊ ကြံရည်ဖန်ရည်ရှိတယ်ပေါ့နော်၊ ဒီလူတွေကို လူတော်လို့ခေါ်ရင် မှားမလား၊ မပြောတတ်ဘူး၊ မြန်မာစကားမှာ `အကြံအဖန်`ကောင်းတယ်၊ဘာညာနဲ့ပြောကြသုံးကြတယ်မဟုတ်လား၊ကြံနိုင်တဲ့လူ၊အစွမ်းအစရှိတဲ့လူပေါ့ တစ် ဆက်တည်းမှာ ကြံနိုင်တာနဲ့အတူ `ဖန်`နိုင်တာကလည်းပါလာပြန်ရော့၊` ဖန်`နိုင်တဲ့လူကိုကော ၊ `အဖန်` ကောင်း တဲ့လူလို့မခေါ်ကြပေဘူးလား၊ `အကြံအစဉ်`ကောင်းကောင်း လုပ်တတ် ကြံတတ်တဲ့လူကို လူတော်လို့ ခေါ်ကြမယ်ဆိုင် အဖန်ကောင်းတဲ့ `ဂွင်`တွေချည်းဖန်းတီးနေတဲ့လူကို အဘယ်သို့ ခေါ်ရမည်နည်း၊ `ကလေးးအတွေးနဲ့`ပြောကြည့်တာပါနော်၊ အကြံတစ်ခုတည်းသည် ရပ်တည်၍ မရသောကြောင့်အဖန် သည် အကြံ အတွက်ဖြည့်ဖက်လား၊ သို့ဆိုသော်। .... ...... .....ကျွန်တော့်ပတ်ဝန်းက သူများသည် အကြံကောင်းလို့ အဖန်ပါ များ နေကြသည်၊ အကြံသက်သက်သည် စီးပွါးမဖြစ်နိုင် အဖန်နှင့်ပေါင်းလိုက်မှ စီးပွါးဖြစ်နိုင်မည်ပါလား။ ' so ' ဂလိုဆိုရင် ကျွနုပ်ပတ်ဝန်းကျင်မှ အကြံကောင်းသူများကို ``အကြံအဖန် ကောင်များ လို့ ´´ ခေါ်လို့ရင် မှားပါမည်လား???
...........................................................
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ကြံရည်ဖန်ရည်( လုပ်ရည်ကိုင်ရည်)ကောင်းတဲ့လူတွေ တော်တော်ကိုများတယ်၊ ကြံရည်ဖန်ရည်ရှိတယ်ပေါ့နော်၊ ဒီလူတွေကို လူတော်လို့ခေါ်ရင် မှားမလား၊ မပြောတတ်ဘူး၊ မြန်မာစကားမှာ `အကြံအဖန်`ကောင်းတယ်၊ဘာညာနဲ့ပြောကြသုံးကြတယ်မဟုတ်လား၊ကြံနိုင်တဲ့လူ၊အစွမ်းအစရှိတဲ့လူပေါ့ တစ် ဆက်တည်းမှာ ကြံနိုင်တာနဲ့အတူ `ဖန်`နိုင်တာကလည်းပါလာပြန်ရော့၊` ဖန်`နိုင်တဲ့လူကိုကော ၊ `အဖန်` ကောင်း တဲ့လူလို့မခေါ်ကြပေဘူးလား၊ `အကြံအစဉ်`ကောင်းကောင်း လုပ်တတ် ကြံတတ်တဲ့လူကို လူတော်လို့ ခေါ်ကြမယ်ဆိုင် အဖန်ကောင်းတဲ့ `ဂွင်`တွေချည်းဖန်းတီးနေတဲ့လူကို အဘယ်သို့ ခေါ်ရမည်နည်း၊ `ကလေးးအတွေးနဲ့`ပြောကြည့်တာပါနော်၊ အကြံတစ်ခုတည်းသည် ရပ်တည်၍ မရသောကြောင့်အဖန် သည် အကြံ အတွက်ဖြည့်ဖက်လား၊ သို့ဆိုသော်। .... ...... .....ကျွန်တော့်ပတ်ဝန်းက သူများသည် အကြံကောင်းလို့ အဖန်ပါ များ နေကြသည်၊ အကြံသက်သက်သည် စီးပွါးမဖြစ်နိုင် အဖန်နှင့်ပေါင်းလိုက်မှ စီးပွါးဖြစ်နိုင်မည်ပါလား။ ' so ' ဂလိုဆိုရင် ကျွနုပ်ပတ်ဝန်းကျင်မှ အကြံကောင်းသူများကို ``အကြံအဖန် ကောင်များ လို့ ´´ ခေါ်လို့ရင် မှားပါမည်လား???
...........................................................
1/8/08
(......)တံခါးများ
ကယ်နိုင်မယ့်သူ ဘယ်မှာရှိပါမလဲနော်၊..............
ကျွန်တော့် လှောင်အိမ်ထဲမှာ အပိတ်ခံထားရတာကြာလှပါပြီ၊ အခုလောက်ဆို တံခါးဖွင့်ဖို့ကောင်း လိုက်ပြီ ပေါ့ဗျာ၊ ``၀ဋ်ကြွေးများ မြန်မြန်ကျေနိုင်ပါစေ´´လို့ ညတိုင်းဆုတောင်းနေပါတယ်၊ ဆုတောင်းတိုင်း ကျွန်တော် ပြည့်ခဲ့ မယ်ဆိုရင်ဒီလှောင်အိမ်ထဲကလွတ်သွားတာကြာရော့ပေါ့နော်၊ ကျန်နေသေးတဲ့ကျွန်တော့်ဘ၀ တစ်စိတ် တစ်ဒေသကို ကျွန်တော်ပိုင်ဆိုင်ခွင့်ရချင်တယ်ဗျာ၊ တကယ်ဆိုးတယ်နော် ၊အချို့သော ကျွန်တော့်ရဲ့ သူငယ် ချင်းများ ကျွန်တော့်ဘ၀ကို သိကြမှာပါ၊ မသိသေးတဲ့ သူငယ်ချင်းတွေလည်း ခံစားနားလည်ပေးကြဖို့ပါ..... ....
( ..............) တံခါးများ ၊ .........တံခါးများ ၊ .................တံခါးများမြန်မြန်ပွင့်ပါစေလို့
( ..............) တံခါးများ ၊ .........တံခါးများ ၊ .................တံခါးများမြန်မြန်ပွင့်ပါစေလို့
ဂုတ်ပြုထမင်း
Today marks the 60th anniversary of Independence Day for Burma।(၄ -၁- ၀၈)
နှစ်(၆၀)မြောက်လွတ်လပ်ရေးအောင်ပွဲနေ့မှာ ကျွန်တော့်အတွက် အမှတ်တရ တစ်ခုမှ မရှိခဲ့ပါလား ၊မနက်လင်းတာနဲ့ အလိုက်မသိဘဲ တကွီကွီအသံပေးနေတဲ့ ၀မ်းဗိုက်ကို စားရိပ်သာမှ ထမင်းစောစော တီးမယ်လို့ မာန်ထားလိုက်တယ်၊ ဟိုဘက်ဌာနကတော့ အားကစားပြိုင်ပွဲတစ်ခုခုလုပ်ပြီး ဒန်ပေါက်ကျွေး တာတွေ့တယ်၊ သားရေ မကျပါဘူး၊ ကိုယ့်အထာနဲ့ကိုယ်ဘဲလေ၊ ကာလာချင်းတူပေမယ့် အနုနဲ့အရင့်လို မသိမသာကွဲပြားနေတာဖြစ်မှာပါ၊
အနည်းငယ်သော ရုံးကိစ္စများ ဆောင်ရွက်လိုက်တယ်၊ (၁၀း၅၀)နာရီမှာတော့ စားရိပ်သာကို နေ့လည်စာ စားဖို့လျင်မြန်၍ တက်ကြွသော ခြေလှမ်းနဲ့ လျောက်လာခဲ့တယ်၊ စားရိပ်သာ နဲ့က (၁၀)မိနစ် လောက် လမ်း လျောက်ရတယ်၊ ရိပ်သာရောက်တော့ လူက ၃-၄ ယောက် လောက် ဘဲရှိ တယ်၊ ဘာမှပြောမနေ တော့ ဘဲ ပုဂံဆွဲပြီး ထမင်းခတ်ဖို့ ပြင်လိုက်တော့ ကွီကွီအော်ပြီး ဆန္ဒပြနေတဲ့ ဘိတ် ဟာ လုံးဝငြိမ် သွား တော့တယ် ဗျာ၊ သေချာ အောင် ထမင်းနှစ်စေ့လောက် ကိုင်ကြည့်တယ် ၊ တစ်စိပ် က ´မာ၊ တစ်ခြမ်းက´ပျော့၊ ကျန်တစ် စိပ်က ´မနပ်၊ အဟီး ဟီး ငယ်ငယ်တုန်းကလို အမေ့အိမ်မှာဆို ဟွန်း .... စိတ်ကိုဆိုးပစ်မှာ၊ ဟင်းတွေက တော့ အထူးပြောမလိုပါ မီနျူက မှတ်စရာမလို မပြောင်းလဲဘူး၊ အခုလည်း အပြစ်ပြောချင်လို့မဟုတ်ပါ၊ ဒီကို ရောက် တာကြာလှပါပြီး ဒီနေ့ လို့ ထမင်းပျက်တာ ဒီတစ်ကြိမ် ဘဲဆုံဖူးတယ်၊ ဒါကလည်း နှစ်(၆၀)ပြည့် လွတ် လပ် ရေးအောင်ပွဲနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ဖြစ်မှာပါဗျာ.......
အခန်းငယ်လေး
နှစ်(၆၀)ပြည့် အမျိုးသားအောင်ပွဲနေ့ခေါ်တဲ့ လွတ်လပ်ရေးနေ့မှာ မလွတ် လပ် လိုက်ပါဘူး တာဝန်ကျတယ်၊ ဒီနေ့ စနေ လည်း မနားရပြန်ဘူး၊ မနက်ဖြန် လုပ်ဖေါ်ကိုင်ဖက်က ဆေးရုံ တက်ရောက်နေလို့ ဂျူတီဘဲဗျာ၊ ဒီအခန်းငယ်လေး ထဲမှာ တာဝန်ပြီး Duty နဲ့ ငါ့ဘ၀ဟာ အကျဉ်းကျနေ တာငါတစ်ယောက်တည်းပါလား၊ ဘယ်မှာလဲငါ့ဘ၀ရဲ့ လွတ်လပ်ခြင်း ပျော်ရွှင်ခြင်း ဒီအခန်းလေးထဲမှာ မိန်မော်ရီ အရမ်း နည်း တဲ့ အပေါ့စား ဒက်စတော့ ကွန်ပျူတာတစ် လုံး ကို အဖေါ်ပြုရင်း ငါ့ရဲ့ တန်ဖိုးမရှိတဲ့ နေ့တွေ ညတွေ ကို ကုန်စေခဲ့တယ်၊ ဒီအခန်းငယ်လေးထဲမှာ ငါဘာတွေ လျောက်လုပ်နေပါလဲ၊ တစ်ခါတစ်ရံ ရီဝေေ၀နဲ့ ည တွေ ကို ဖြတ် ကျော်ခဲ့ တယ်၊ တစ်ခါတစ်ရံမှာ တော့စိတ်ပျက်ဖို့ကောင်းလောက် အောင်နှေးတဲ့ ကွန်နက်ရှင်နဲ့ အွန်လိုင်းက သူငယ် ချင်းတွေကို စကား ပြောမိတယ်၊ တစ်ခါတစ်ရံကျပြန်တော့ စိတ်ပျက် လက်ပျက်နဲ့ ကုလား ထိုင် စုတ် ပေါ်မှာ ငူငူကြီး ထိုင်ပြီ မော်နီ တာကို အဓိပ္ပါယ်မဲ့စွာ ငေးမောကြည့်နေမိတယ်၊ တစ်ခါတစ်ရံမှတော့ စာလုံးတွေ ပျောက် နေပြီ ဖြစ် တဲ့ ကီး ဘုတ် အစုတ်ပေါ်မှာ ခေါင်းတင်ပြီ အိပ်ပျော်သွားတတ်လေရဲ့၊ တစ်ခါတစ်ရံမှာ တော့ အပြင်းစား အယ်လ်ကို ဟိုး တွေသောက် ပြီး ဇရက်မင်းစည်းစိမ်နဲ့ လောကကြီး ကိုမေ့သွားလေရဲ့၊ ဒီအခန်းငယ်လေး ထဲမှာဘာလိုလို ညာလိုလိုအတွေး ပေါင်းစုံကိုတွေးပြီး၊ မရေရာတဲ့အနာ ဂါတ်ကို စုတ်ချက် အမျိုးမျိုး ခြယ်သကြည့်ပြန်တယ်।တစ်ခါတစ်ရံမှာ।...ကာရံမရှိတဲ့... ကဗျာလေးတွေ...... ရွတ် နေမိပြန် တယ်.......တစ်ခါ တစ်ခါမှာ တစ်ကိုတည်း စကားတွေ ပြောနေတတ် ပြန်တယ်။ ငါဟာဂေါက်တောက် တောက် များဖြစ်နေပြီလား? ဒီအခန်းငယ်လေး ထဲမှာ ငါ ... ၊ ..... ဒီအခန်း ငယ်လေး ထဲမှာ..... .....ငါဘယ်လောက်ကြာကြာနေရဦးမှာလဲ? ဒီအခန်းငယ်လေးဟာ ငါရဲ့ ကမ္ဘာ တစ်ခုဖြစ် နေပြီလော. ...ဒီအခန်းငယ်လေးထဲမှာ ......?
ွ
ဘာရယ်လို့မဟုတ်
ဒီနေ့တစ်နေ့လုံးနေရတာလုံးဝ (လုံးဝ)အဆင်မပြေဘူး၊ဘယ်လိုဖြစ်နေမှန်းကိုမပြောပြတတ်လောက် အောင်ပါ ဘဲခေါင်းအုံတယ်ပေါ့နော်၊ဘာမှမလုပ်ချင်ပါဘူးဆိုနေမှ ရန်ကုန်ဝိုင်းတော်သား တစ်ယောက်ရောက်လာတယ်၊ အသစ်ကလေးပေါ့၊ အရင်မြင်ဖူးသိဖူးကြပါ တယ် မရင်းနှီးဘူးပေါ့နော်၊ ၀ိုင်းတော်သား အသစ်ကို ဧည့်ဝတ် ကျေပွန် အောင် လူဟောင်းတွေက ၀ိုင်းပြီးပြုစုကြ တယ်ထင်လား၊ ဟားဟား မဟုတ်ဘူး ၀ိုင်းပြီး ချီးမြောက် ကြတယ်၊ သူ့မှာပါလာတဲ့ ပုလင်းလဲဖွင့်ပေးရတဲ့ အပြင်စားစာရာပါ အထုပ်ဖြေပေးရယ်၊ စားလို့ကောင်း သောက်လို့ ကောင်း ပေါ့ဗျာ၊ ဒီဒေသ ဒီအနီးတ၀ိုက်မှာ ကစားစာရာ သောက်စရာ နည်းနည်းရှားတယ်၊ ဒီထက်`ပါး´တယ် လို့ခေါ်ရင်ကောင်းမလား မသိနော်၊
ဟေး ` ကိုက်လိုက်တဲ့ ခေါင်းကလည်း အလိုက်ကိုမသိဘူးနော် ဒီမှာ ၀ိုင်းကောင်းတုန်း၊ ဘယ်အလိုက် သိမှာလဲ၊ အလိုက်မသိတဲ့ လူတွေနဲ့ပေါင်းနေရတာကို..............
ဟေး ` ကိုက်လိုက်တဲ့ ခေါင်းကလည်း အလိုက်ကိုမသိဘူးနော် ဒီမှာ ၀ိုင်းကောင်းတုန်း၊ ဘယ်အလိုက် သိမှာလဲ၊ အလိုက်မသိတဲ့ လူတွေနဲ့ပေါင်းနေရတာကို..............
Subscribe to:
Posts (Atom)

